MISY သည် နိုင်ငံအရပ်ရပ်မှ မတူကွဲပြားသောနောက်ခံနှင့် ဘာသာတရားအားလုံးမှ ကျောင်းသား/သူများကို နွေးထွေးစွာဖြင့် အစဉ်အမြဲကြိုဆိုလျက်ရှိပါသည်။ လူတွေ့စုံစမ်းမေးမြန်းခြင်း လုပ်ငန်းပြုလုပ်သည့်အခါတွင် ကျောင်းသား/သူများအနေဖြင့် MISY ၏ ရည်ရွယ်ဆောင်ရွက်ချက်ဖြစ်သည့် မြန်မာနိုင်ငံအတွက်သာမကကမ္ဘာမြေကြီးအတွက်ပါ အပြုသဘောဆောင်သောထောက်ပံ့မှုများပေးနိုင်သူများအဖြစ် ရပ်တည်နိုင်ကြောင်း ဖော်ပြရန်လိုအပ်ပါသည်။ MISY သည် ထူးချွန်ထက်မြတ်သော ကျောင်းသား/သူများအတွက် လေ့လာဆည်းပူးရာနေရာဖြစ်ခြင်းမှာကျောင်း၏ ပြယုဂ် ဖြစ်ပါသည်။
ကျောင်းတွင် အင်္ဂလိပ်စာဘာသာစကားသင်ယူနေသောကျောင်းသား/သူများအတွက် အထောက်အကူပြုနိုင်စေရန် (English as an Additional Language) EAL Programme လည်းထားရှိပါသည်။ အဘယ်ကြောင့်ဆိုသော် Seconday School တက်ရောက်ရမည့် ကျောင်းသူ/သားများသည် သင့်လျော်ကျွမ်းကျင်သော အင်္ဂလိပ်ဘာသာစကားပြောဆိုနိုင်မှုနှင့် ရေးသားနိုင်မှုရှိရန် လိုအပ်သောကြောင့် ဖြစ်ပါသည်။ MISY အနေဖြင့် မိမိတို့၏ Learning Center @ MISY မှသင်ရိုးညွန်တမ်းများကို လေ့လာဆည်းပူးလျက်ရှိသော ကျောင်းသား/သူများအတွက် ယခုကဲ့သို့ ထပ်မံပံ့ပိုးမှုများကို ပြုလုပ်ပေးနိုင်သည့်အတွက် ဝမ်းသာဂုဏ်ယူမိပါသည်။
Nursery, Reception နှင့် year 1 တို့၏ ကျောင်းဝင်ခွင့်ကို ပုံမှန်အားဖြင့် ကလေး၏ အသက်ပေါ်တွင်မူတည်၍ ဆုံးဖြတ်ပါသည်။ Year 2 မှ Year 13 အထိကျောင်းဝင်ခွင့်များကိုကလေး၏ အသက်ပေါ်တွင်မူတည်၍ ဆုံးဖြတ်မည့်အပြင် ဝင်ခွင့်စာမေးပွဲပါ ဖြေဆိုရမှာဖြစ်ပါသည်။ထို့နောက်သက်ဆိုင်ရာကျောင်းအုပ်များ (သို့) ဆရာ/မများနှင့် လူတွေစုံစမ်းမေးမြန်းခြင်းလုပ်ငန်းစဉ်များပေါ်တွင် အခြေခံပြီးဆုံးဖြတ် မည်ဖြစ်ပါသည်။
MISY တွင်ကျောင်းဝင်ခွင့်လျောက်ထားရန် စိတ်ဝင်စားပါက အောက်တွင်ပါရှိသည့် Enrollment Form ကိုရယူ၍ လိုအပ်သောအချက်အလက်များကို ဖြည့်စွက်ပြီး misy.mdy@misy.edu.mm သို့ email ပို့၍ လျှောက်ထားနိုင်ပါသည်။
လူကြီးမင်းအနေဖြင့်ကျောင်းဝင်ခွင့်နှင့် ကျောင်းလခဆိုင်ရာအသေးစိတ်အချက်အလက်များသိရှိလိုပါကအောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင် ပါသည်။
+95 9 4444 50 712, 4444 50713
Download our curriculum chart and brochures for each stage
MISY သည် မတူကွဲပြားမှုများနှင့် ကောင်းမွန်သော ဝန်ဆောင်မှုများ အတွက်အစဉ်တန်ဖိုးထားလျက်ရှိသောကျောင်းတစ်ကျောင်းဖြစ်ပါသည်။ MISY မှပြီးမြောက်အောင်မြင် သွားသောကျောင်းသားဟောင်းများသည် ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်များတွင် ပညာသင်ကြား လျှက်ရှိပါသည်။ MISY အနေနှင့် အတန်းတစ်တန်းတွင် ကျောင်းသားဦးရေအနည်းငယ်သာ ထားရှိပါသည်။ ထို့ကြောင့် မိမိတို့အနေနှင့် နှစ်စဉ်လက်ခံနိုင်သည့် ကျောင်းသားပမာဏထက်ပိုမိုသောကျောင်းဝင်ခွင့် လျှောက်လွှာများကိုလက်ခံရရှိလျက်ရှိပါသည်။ ထို့ကြောင့် MISY တွင် တက်ရောက်ပညာသင်ကြားနိုင်ရန်အတွက် ယခုပင် ကျောင်းဝင်ခွင့် လျှောက်ထားသင့်ကြောင်းအကြံပြုအပ်ပါသည်။